နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့မှ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

Credit to Popular Journal - နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့မှ ဇန်နဝါရီ ၄ ရက်ညနေပိုင်းက (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အ ထိမ်းအမှတ်အဖြစ် ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံပြီး ဂုဏ်ပြုဖျော်ဖြေပွဲကိုလည်းကျင်းပခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ယာယီသမ္မတနှင့် ဇနီးတို့မှ ဂုဏ်ပြုညစာစား ပွဲတက်ရောက်လာသည့် နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင်ကောင် စစ်ဝန်များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး မီးရှူးမီးပန်းများပစ်ဖောက်မှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတနှင့် ဇနီး၊ တက်ရောက်လာကြသူများက ဂုဏ်ပြုညစာသုံးဆောင်ရာ ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပ ညာရှင်များနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များကသီဆိုတီးမှုတ်ဖျော်ဖြေကာ ဂုဏ်ပြုဆောင်ခန်းမ၌လည်း ပဒေသကပွဲကျင်းပခြင်းကို ကြည့်ရှုအားပေး၍ တေးသံ ရှင်များနှင့် အနုပညာရှင်များကို […] The post နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့မှ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ appeared first on Popular .