မာဒူရိုနှင့်ဇနီးတို့ကို ချက်ချင်းပြန်လွှတ်ပေးရန် မလေးရှားဝန်ကြီးချုပ် တောင်းဆို

Credit to Popular Journal - အမေရိကန်က ဖမ်းဆီးထားသော ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မာဒူရိုနှင့် ၎င်း၏ဇနီးတို့ကို “မဆိုင်းမတွဘဲ ချက်ချင်းပြန်လွှတ်ပေးရန်” မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က တနင်္ဂနွေနေ့တွင် တောင်းဆိုလိုက်သည်။ “ဗင်နီဇွဲလားနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ကျွန်တော် အလွန်စိုးရိမ်တကြီး စောင့်ကြည့်နေပါတယ်။ ဗင်နီဇွဲလားခေါင်းဆောင်နဲ့ သူ့ရဲ့ဇနီးကို အမေရိကန်စစ်တပ်က ပုံမှန်မဟုတ်တဲ့ နယ်ပယ်နဲ့ ပုံစံမျိုးနဲ့ စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်” ဟု အန်ဝါက X လူမှုကွန်ရက် (ယခင် Twitter) တွင် ပြောကြားခဲ့သည်။ ထိုသို့သော ပြုလုပ်မှုသည် “အပြည်ပြည်ဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖေ-ာက်ခြင်းဖြစ်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအပေါ် တရားမဝင် အင်အားသုံး အနိုင်ကျင့်ခြင်း ဖြစ်သည်” ဟု အန်ဝါက အလေးပေး ပြောကြားခဲ့ပြီး “သမ္မတ မာဒူရိုနဲ့ olYရဲ့ဇနီးတို့ကို မဆိုင်းမတွဘဲ […] The post မာဒူရိုနှင့်ဇနီးတို့ကို ချက်ချင်းပြန်လွှတ်ပေးရန် မလေးရှားဝန်ကြီးချုပ် တောင်းဆို appeared first on Popular .