ရန်ကုန်၊ ဇန်နဝါရီ ၅ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် မဲလိမ်မဲခိုးမှုများ ကျူးလွန်ခဲ့ကြောင်း အခြေခံပညာနှင့် တက္ကသိုလ် သင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းစာအုပ်များတွင် ထည့်သွင်းသင်ကြားရန် မင်းအောင်လှိုင်က ညွှန်ကြားခဲ့ကြောင်း နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် လူထုသဘောထား အစစ်အမှန်ဖြင့် NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့သော် လည်း စစ်တပ်က မဲလိမ်မဲခိုးသည်၊ မဲစာရင်းများမှားယွင်းပြီး မဲမသမာမှုလုပ်သည်ဟုဆိုကာ စစ်အာဏာ သိမ်းခဲ့ပြီးနောက် ယင်းကဲ့သို့ အခြေခံပညာသင်ရိုးညွှန်းတမ်းများနှင့် အဆင့်မြင့်တက္ကသိုလ်ပညာသင်ရိုးညွှန်းတမ်းများတွင် ပြဋ္ဌာန်း ထည့်သွင်း သင်ကြားရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ စစ်တပ်က ဗဟိုဝန်ထမ်းတက္ကသိုလ်များ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စစ်ဦး စီးတက္ကသိုလ် အပါအဝင် စစ်တပ်က […] The post ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ကျူးလွန်ခဲ့ကြောင်း အခြေခံပညာနှင့် တက္ကသိုလ် သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားရန် မင်းအောင်လှိုင်ညွှန်ကြား appeared first on Khit Thit Media .