YBS (၆၅) ယာဉ် ဘရိတ်ပေါက်ပြီး လမ်းဘေးဆိုင်ခန်းများအား ဝင်တို-က်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး အသက်ဆုံးရှုံး

Credit to Popular Journal - ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် YBS အမှတ် (၆၅) ယာဉ်တစ်စီးမှာ ဘရိတ်ပေါက်ရာမှ လမ်းဘေးဆိုင်ခန်းများအားဝင်တို-က်မှုဖြစ်ပွားခဲ့ကာ အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်မှာ ယနေ့ ဇန်နဝါရီ (၅) ရက် မွန်းလွဲပိုင်းအချိန်၌ အင်းစိန်ဂုံးတံတားအောက်မှ မောင်းနှင်လာသော အဆိုပါယာဉ်မှာ ဘရိတ်ပေါက်ကာ လမ်းဘေးဆိုင်များနှင့် လမ်းလျှောက်နေသူ အမျိုးသားတစ်ဦးကို တို-က်မိခဲ့ခြင်းဖြစ်သည်။ လမ်းလျှောက်လာသူအမျိုးသားမှာ ယာဉ်တို-က်မှုကြောင့် ‌ေ-သဆုံးသွားခဲ့ပြီး ကနောင်အသင်းမှ နိဗ္ဗာန်ယာဥ်ဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ဓာတ်ပုံ – Thurein Tun The post YBS (၆၅) ယာဉ် ဘရိတ်ပေါက်ပြီး လမ်းဘေးဆိုင်ခန်းများအား ဝင်တို-က်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး အသက်ဆုံးရှုံး appeared first on Popular .