Credit to Popular Journal - မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်သည် လာမည့် အထွေထွေရွေးကောက်ပွဲမတိုင်မီတွင် မြို့ပြလူထု၏ မဲများကို ပြန်လည်ရရှိရန် ကြိုးပမ်းမှုအနေဖြင့် ဝန်ကြီးချုပ်ရာထူးအတွက် သက်တမ်းနှစ်ကြိမ်သာထမ်းဆောင်ခွင့်အပါအဝင် ပြုပြင်ပြောင်းလဲမှုများစွာကို ဇန်နဝါရီလ ၅ ရက်ေန့တွင် ကြေညာခဲ့သည်။ ဝန်ကြီးအဖွဲ့အစည်းအဝေးအပြီး ဝန်ကြီးများနှင့် ရာနှင့်ချီသော ပြည်သူ့ဝန်ထမ်းများကို မိန့်ခွန်းမပြောမီ အန်ဝါက ပြောကြားခဲ့ရာတွင် ခေါင်းဆောင်များအနေဖြင့်ပြုပြင်ပြောင်းလဲမှုများကို ၎င်းတို့၏ သက်တမ်းအတွင်း အကောင်အထည်ဖော်ရမည်ဖြစ်ကာ သက်တမ်းကာလထက် မကျော်လွန်သင့်ကြောင်း ဆိုခဲ့သည်။ မစ္စတာအန်ဝါ၏ အစိုးရအပေါ် မြို့ပြနှင့် တရုတ်မဲဆန္ဒရှင်များ၏ ထောက်ခံမှု ကျဆင်းလာခြင်း Perikatan Nasional (PN) က ၎င်း၏ ခေါင်းဆောင်ပိုင်းကို ပြောင်းလဲရန်ရည်ရွယ်နေပြီး အတို-က်အခံ၏ အားသစ်လောင်းလာမှုကို ကြုံလာရချိန်တွင် ယခုကြေညာချက်များ ထွက်လာခြင်းဖြစ်သည်။ လူတိုင်းမှာ အကန့်အသ-တ်တွေရှိပါတယ်။ အစိုးရရဲ့ အတွင်းဝန်ချုပ်ဟာ ဆယ်စုနှစ်များစွာ တာဝန်ထမ်းဆောင်လို့ မရပါဘူး။ ဝန်ကြီးချုပ် […] The post ၀န်ကြီးချုပ်နှစ်ကြိမ်သာထမ်းဆောင်ခွင့်ကိုပြင်ဆင်မည်–အန်ဝါ appeared first on Popular .