Credit to Popular Journal - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ယနေ့ ဇန်နဝါရီ ၅ ရက်က ကြေညာချက်အမှတ် (၇/၂၀၂၆) အရ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် တိုင်းရင်းသားပါတီဝင်များ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်း သိရသည်။ ၎င်းတို့သည် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတို့က အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၉ (ခ) နှင့်အညီ ထုတ်ပြန်ကြေချက်များအရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအဖြစ်ရွေးကောက်တင်မြှောက်ခံရသူများဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်၏ မဲအများဆုံးရသူအနိုင်ယူစနစ်တွင် USDP ပါတီမှ (၁) ဦးနှင့် ဇိုမီးအမျိုးသားပါတီမှ (၁) ဦး ချင်းပြည်နယ် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) တွင် USDP ပါတီမှ (၄) ဦး၊ ဇိုမီးအမျိုးသားပါတီမှ (၂) ဦးတို့ ရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်း သိရသည်။ ထို့ပြင် […] The post ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ USDP ပါတီနှင့် တိုင်းရင်းသားပါတီဝင်များ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံရ appeared first on Popular .