လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကုန်ကျစရိတ် စာရင်းများကို သတ်မှတ်ရက်အတွင်းတင်သွင်းရန်ပျက် ကွက်ပါက အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာမည်

Credit to Popular Journal - လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကုန်ကျစရိတ် စာရင်းများကို သတ်မှတ်ရက်အတွင်းတင်သွင်းရန်ပျက် ကွက်ပါက အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်UEC) ဥက္ကဋ္ဌ ဦးသန်းစိုးမှ ယနေ့ ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းက UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကုန်ကျစရိတ်အား တိုးမြှင့်ပြင်ဆင်သတ် မှတ်ပေးထားပြီးဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကုန်ကျစရိတ်စာရင်းများကို သက်ဆိုင် ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၂ အတိုင်း သတ်မှတ်ရက်အတွင်း အချိန်မီတင်သွင်းရမည်ဖြစ်ပြီး တင်သွင်းရန်ပျက်ကွက်ပါက အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာခံရမည်ဟု ပြောသည်။ UEC အနေဖြင့် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မဲစာရင်းကို သုံးကြိမ်တိုင်ကပ်ထား ကြေ ညာပေးခဲ့ပြီး မဲစာရင်းတွင်မပါဝင်ပါက တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်းများကို ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် အသိပေးနှိုးဆော်မှုများပြုလုပ်လျက်ရှိသည်ဟု ပြောသည်။ ထို့ကြောင့် ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ မှန်မှန်ကန်ကန်၊ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲအဖြစ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကာ […] The post လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကုန်ကျစရိတ် စာရင်းများကို သတ်မှတ်ရက်အတွင်းတင်သွင်းရန်ပျက် ကွက်ပါက အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာမည် appeared first on Popular .