Credit to Popular Journal - မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားနယ်မြေအနီးဝန်းကျင်အား ဘုရားပွဲတော်ကျင်းပနေစဥ် မီးဘေးလုံခြုံစေရေးအတွက် ရွှေစက်တော်နယ်မြေမီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက်စစ်ဆေးမှုများကို ယနေ့ ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့ကြကြောင်း သိရသည်။ မီးသ-တ်တပ်ဖွဲ့ဝင်များသည် မန်းရွှေစက်တော်ဘုရားနယ်မြေ၏ ဘုရားကျေးရွာရှိ နေအိမ်များတွင် ပေါ့ဆမှုကြောင့် မီးလေ-ာင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေး၊ ကျေးရွာအတွင်း၌ ထင်းမီး၊ မီးသွေးမီးဖိုနှင့် လျှပ်စစ်မီးများအသုံးပြု၍ ဂရုတစိုက်ချက်ပြုတ်သုံးစွဲရေး၊ နေအိမ်များတွင် မီးချိတ်၊ မီးကတ်၊ သဲပုံနှင့် ရေပုံးများ အရန်သင့်ထားရှိရေးတို့ကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မီးဖိုချောင်အနီးတွင် မီးလေ-ာင်လွယ်သော လေ-ာင်စာများမထားရှိစေရေး၊ မီးသွေးနှင့် ထင်းမီးသုံးစွဲသူများ မြေစိုက်မီးဖိုကျင်းများတူ၍ လေကာထားရှိရေး၊ လျှပ်စစ်မီးလိုင်း၊ မီးကြိုးနှင့် မီးခလုပ်များအား စနစ်တကျ သွယ်တန်းတပ်ဆင်ထားရှိရေးစသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်းကြည့်ရှုစစ်ဆေးပြီးအကြံပြုဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ The post မန်းရွှေစက်တော်ဘုရားနယ်မြေအနီးဝန်းကျင်မီးဘေးလုံခြုံရေးစစ်ဆေး appeared first on Popular .