ရန်ကုန်၊ ဒီဇင်ဘာ ၅ ပဲခူးတိုင်း၊ ဆွာမြို့နယ်၊ စည်ပိုင်းကျေးရွာအနီး တိုက်ပွဲ၌ အကြမ်းဖက် စစ်တပ် လက်အောက်ခံ PLO တပ်ဖွဲ့ဝင်များ သေဆုံးသည့် ရုပ်အလောင်းများကို စစ်တပ်က ဓာတ်ပုံ ရိုက်ပြီး PDF တပ်ဖွဲ့ဝင်များ ကျဆုံးသည်ဟု လိမ်လည်ဝါဒဖြန့်နေကြောင်း နေပြည်တော် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ဆွာမြို့နယ်၊ စည်ပိုင်း ကျေးရွာအနီး၌ အကြမ်းဖက်စစ်တပ်၊ PLO ပြည်သူ့စစ်များ ပူးပေါင်းစစ်ကြောင်းနှင့် နေပြည်တော် PDF တပ်ဖွဲ့ အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။ ထိုတိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် […] The post ဆွာမြို့နယ်၊ စည်ပိုင်းကျေးရွာအနီး တိုက်ပွဲတွင် စစ်တပ် လက်အောက်ခံ PLO တပ်ဖွဲ့ဝင်များ သေဆုံးသည့် ရုပ်အလောင်းများကို စစ်တပ်က ဓာတ်ပုံရိုက်ပြီး PDF တပ်ဖွဲ့ဝင်များ ကျဆုံးသည်ဟု လိမ်လည် ဝါဒဖြန့် appeared first on Khit Thit Media .