ကျပ်သိန်း (၂၀) မှ သိန်း (၅၀) ထိ ဆုချီးမြှင့်မည် မြန်မာရိုးရာမုန့်မျိုးစုံ ပြိုင်ပွဲ ကျင်းပမည်

Credit to Popular Journal - မြန်မာရိုးရာမုန့်များ ပြန်လည်ထွန်းကာလာပြီး အသင့်စား အခြားနိုင်ငံထုတ်မုန့်များကို လျော့ချနိုင်ရေး မြန်မာ-ဂျပန်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအသင်း (AMSEDC) မှ မြန်မာဂျပန်ရိုးရာ မုန့်မျိုးစုံဈေးရောင်းပွဲတော်ကို ဇန်နဝါရီလ (၃၁) ရက်နေ့ ၌ ရန်ကုန်ရှိ မြေပဒေသာကျွန်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲတော်၌ မြန်မာရိုးရာမုန့်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည် မုန့်သည်များကို အခမဲ့ မုန့်ဆိုင်ဖွင့်ရောင်းချစေမည်ဖြစ်ပြီး ဆုချီးမြှင့်ကိုလည်း လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ မြန်မာရိုးရာ မုန့်ပြိုင်ပွဲကို ဇန်နဝါရီ (၁၆) ရက်မှ (၂၀) ရက်အထိ သတ်မှတ်နေရာတွင် လူဦးရေ (၁၀) ဦးစာ နမူနာမုန့်များဖြင့် လာရောက်ယှဉ်ပြိုင် အရွေးချယ်ခံနိုင်ကြောင်းလည်း အသိပေးထားသည်။ လာရောက်ယှဉ်ပြိုင်မည်သူများအနေဖြင့် မုန့်ပြုလုပ်နေမှုနှင့် မုန့်ရောင်းချနေသည့် ဆိုင်‌နေရာကို မှတ်တမ်းဓါတ်ပုံနှင့် ရုပ်သံဗီဒီယိုဖိုင်များပါ တပါးတည်းယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကတဆင့် မြန်မာရိုးရာ မုန့်အုပ်စုတစ်ခုလျှင် (၃) […] The post ကျပ်သိန်း (၂၀) မှ သိန်း (၅၀) ထိ ဆုချီးမြှင့်မည် မြန်မာရိုးရာမုန့်မျိုးစုံ ပြိုင်ပွဲ ကျင်းပမည် appeared first on Popular .