Credit to Popular Journal - ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဆောက်လုပ်နေသည့် အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးရှိ ဆိုင်ခန်းများကို ဘဏ်ချိတ်စနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း Sun Myat Tun Construction ကုမ္ပဏီလီမိတက်မှ စုံစမ်းသိရှိရသည်။ လက်ရှိတွင် Lower Ground Floor နှင့် ၅ လွှာရှိ ဆိုင်ခန်းများကို ရောင်းချထားပြီးဖြစ်ကာ ၆ လွှာမှ ၈ လွှာအထိရောင်းချရန်ကျန်ရှိနေသေးကြောင်း သိရသည်။ ရောင်းချရန်ကျန်ရှိသည့်ဈေးဆိုင်ခန်းများ၏ နှုန်းထားမှာ ၁၀ ပေပတ်လည်တစ်ခန်းလျှင် ကျပ်သိန်း ၂၃၀၀ ကျော်မှစရှိပြီး ကုမ္ပဏီတိုက်ရိုက်သော်လည်းကောင်း၊ ဘဏ်ချိတ်စနစ်ဖြင့်သော်လည်းကောင်း ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။ ဘဏ်ချိတ်စနစ်ဖြင့်ဝယ်ယူပါက ၃ နှစ်မှ ၁၀ နှစ်အထိ ဝယ်ယူနိုင်ကြောင်း သိရသည်။ အဆင့်မြင့် မင်္ဂလာဈေးကြီးသည် နိုင်ငံတကာအဆင့်မီ လက်လီ ၊ လက်ကားဈေးကြီးဖြစ်ပြီး ၁၇ လွှာ အဆောက်အဦးအဖြစ် တည်ဆောက်ထားကြောင်း၊ […] The post အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးက ဆိုင်ခန်းများကို ဘဏ်ချိတ်စနစ်ဖြင့် ဝယ်ယူနိုင် appeared first on Popular .