မိုးကုတ်နှင့် မိုးမိတ်တွင် တစ်လကျော်အထိ စစ်ကော်မရှင် အုပ်ချုပ်ရေး မလည်ပတ်နိုင်

စစ်တပ်က တရုတ်အကူအညီဖြင့် ပြန်ရယူထားသော မိုးကုတ်၊ မိုးမိတ်နှစ်မြို့တွင် အုပ်ချုပ်ရေးလုပ်ငန်းများ မဆောင်ရွက်နိုင်ဘဲ တိုက်ခိုက်ခံနေရ၍ လုံခြုံရေးကို ဦးစားပေးနေရသည်ဟု ဒေသခံများထံက သိရသည်။