စစ်မှုထမ်းဟောင်းများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းကကြိုးပမ်းဆောင်ရွက်နိုင်ရေး လဝက ပြည် ထောင်စုဝန်ကြီးပြော

Credit to Popular Journal - စစ်မှုထမ်းဟောင်းများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းကကြိုးပမ်းဆောင်ရွက်နိုင်ရေးကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ ယနေ့ ဇန်နဝါရီ ၇ ရက်က ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့၌ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအားတွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ လက်ရှိနိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပနေမှု၊ မော်လမြိုင်ကျွန်းမြို့နယ်သည် ရွေးကောက်ပွဲအပိုင်း(၃)၌ ကျင်းပမည့်အခြေအ နေနှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းကကြိုးပမ်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့ပြင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ ရွေးကောက်ပွဲတွင် မှတ်ပုံတင်ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် ပျေ-ာက်ဆုံး/ပျ-က်စီးပါက သက်ဆိုင်ရာလဝကရုံးသို့ဆက်သွယ်လျှောက်ထားဆောင်ရွက်နိုင်ရေးတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့ပြီးနောက် စစ်မှုထမ်းဟောင်းအဖွဲ့ရုံး အ တွက် ဆိုလာမီးများနှင့် စားသောက်ဖွယ်ရာပစ္စည်းများအားထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး၌ သန်းခေါင်စာရင်း၊ မှတ်ပုံတင် ပျက်စီး/ပျောက်ဆုံးသွားသည့် ဒေသခံများနှင့် […] The post စစ်မှုထမ်းဟောင်းများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းကကြိုးပမ်းဆောင်ရွက်နိုင်ရေး လဝက ပြည် ထောင်စုဝန်ကြီးပြော appeared first on Popular .