Credit to Popular Journal - မြန်မာ့ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ(၅)ခုဖြစ်သည့် မော်လမြိုင်၊ နေပြည်တော်၊ ကချင်၊ မန္တလေး၊ တောင်ကြီးနှင့် ဧရာဝတီတိုင်းတို့တွင် လေ့ကျင့်ရေးစင်တာများဖွင့်လှစ်၍ အသက်(၁၄) နှစ်အောက် အမျိုးသား/အမျိုးသမီး ကစားသမားများကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း အဖွဲ့ချုပ်ထံက သိရသည်။ ယင်းသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ ရွက်ပုန်းသီး မျိုးဆက်သ စ်များ ပေါ်ထွက်လာရေးအတွက် Regional Training Center ဒေသအလိုက် ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်းဆိုသည်။ အဆိုပါ ကစားသမားများ အနေဖြင့် သက်တမ်းအလိုက် လိဂ်ပြိုင်ပွဲများ၊ ဖလားပြိုင်ပွဲများတွင် ပါဝင်ကစားပြီး ခြေစွမ်းထူးချွန်သူများအနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းများတွ င် ရွေးချယ်ခံရနိုင်သည့် အခွင့်အလမ်းများရှိကြောင်း သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် ရွက်ပုန်းသီးကစားသမားများ ဖော်ထုတ်နိုင်ရေးနှင့် ဘောလုံးဖွံ့ဖြိုးရေးအတွက် ဒေသအလိုက်လေ့ကျင့်ရေး စင်တာများကို တိုးချဲ့ပြီး […] The post ဒေသ(၅)ခုတွင် လေ့ကျင့်ရေးစင်တာများဖွင့်လှစ်၍ အသက် (၁၄)နှစ်အောက် အမျိုးသား/အမျိုးသမီးကစားသမားများ လေ့ကျင့်သင်ကြားပေးလျက်ရှိ appeared first on Popular .