Rice Export Zone များဖော်ဆောင်ရန် တစ်ဧကလျှင် ကျပ်နှစ်သိန်းခွဲနှုန်းဖြင့် တောင်သူများကို ထုတ်ချေးမည်

Credit to Popular Journal - နိုင်ငံတော်မှ Rice Export Zone လုပ်ငန်းစဉ်အတွက် နိုင်ငံစီးပွားဖွံဖြိုးရေး ရန်ပုံငွေမှ တစ်ဧကလျှင် ကျပ်နှစ်သိန်းခွဲ(၂ဒသမ၅)သိန်းနှုန်းဖြင့် တောင်သူလယ်သမားသို့ သီးနှံတစ်ရာသီ အတိုးမဲ့ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။ ပို့ကုန် (၂)ဆတိုးမြှင့်နိုင်ရေး ရည်မှန်းချက် အောင်မြင်ရေးအတွက် Rice Export Zoneများကို ပို့ကုန်လုပ်ငန်းရှင်များက ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က Rice Export Zoneများ ဖော်ဆောင်ရွက်ရေးနှင့် ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။ နိုင်ငံတော်မှ Rice Export Zoneလုပ်ငန်းစဉ်အတွက် နိုင်ငံစီးပွားဖွံဖြိုးရေး ရန်ပုံငွေမှ တစ်ဧကလျှင် ကျပ် (၂ဒသမ၅)သိန်းနှုန်းဖြင့် တောင်သူလယ်သမားသို့ သီးနှံတစ်ရာသီ အတိုးမဲ့ ထုတ်ချေးပေးမည်ဖြစ်ပြီး၊ ပို့ကုန်လုပ်ငန်းရှင်များမှလည်း တစ်ဧကလျှင် […] The post Rice Export Zone များဖော်ဆောင်ရန် တစ်ဧကလျှင် ကျပ်နှစ်သိန်းခွဲနှုန်းဖြင့် တောင်သူများကို ထုတ်ချေးမည် appeared first on Popular .