တောင်သာမြို့တွင် စစ်တပ် တပ်စွဲထားသော ဝန်ထမ်း အိမ်ရာဝင်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး စစ်အသုံးဆောင် ပစ္စည်းများကို မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၇ မန္တလေးတိုင်း၊ တောင်သာမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဝန်ထမ်းအိမ်ရာဝင်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး စစ်အသုံးဆောင် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း ဒုတပ်ရင်းမှူး ကိုမင်းသားကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် တောင်သာမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဝန်ထမ်း အိမ်ရာဝင်းကို တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက် တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ယူနီဖောင်းများ၊ လွယ်အိတ်များနှင့် ကျည်ကာအင်္ကျီများကိုလည်း တော်လှန်ရေး […] The post တောင်သာမြို့တွင် စစ်တပ် တပ်စွဲထားသော ဝန်ထမ်း အိမ်ရာဝင်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး စစ်အသုံးဆောင် ပစ္စည်းများကို မီးရှို့ ဖျက်ဆီး appeared first on Khit Thit Media .