မင်းအောင်လှိုင်က စစ်ဗိုလ်ချုပ်များကို အငြိမ်းစားပေးပြီး အမေရိကန်၊ တရုတ်နှင့်ရုရှားသံအမတ် အပါအဝင် အရေးပါသော သံအမတ်ကြီး နေရာများတွင် အဆက်မပြတ် ခန့်အပ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၈ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ဗိုလ်ချုပ်များကို အငြိမ်းစားပေးပြီး အမေရိကန်၊ တရုတ်နှင့်ရုရှားသံအမတ် အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံအမတ်ကြီးများအဖြစ် အဆက်မပြတ် ခန့်အပ်စေ လွှတ်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လေတပ်မှ အနားပေးလိုက်သည့် စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို တရုတ်နိုင်ငံသံအမတ်ကြီးအဖြစ် ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်းကောင်း၊ ယင်းနောက် လေကြောင်းရန် ကာကွယ်ရေးမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်ကို ရုရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်းကောင်း၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးကိုလည်း အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်းကောင်း ခန့်အပ်မည်ဖြစ်ကြောင်း သိရှိရသည်။ “ဒုဗိုလ်ချုပ်ကြီး အေးမင်းထွေး(ရေ)ကို အမေရိကန်၊ ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့် (လေ) က တရုတ်သံ အမတ်နဲ့ […] The post မင်းအောင်လှိုင်က စစ်ဗိုလ်ချုပ်များကို အငြိမ်းစားပေးပြီး အမေရိကန်၊ တရုတ်နှင့်ရုရှားသံအမတ် အပါအဝင် အရေးပါသော သံအမတ်ကြီး နေရာများတွင် အဆက်မပြတ် ခန့်အပ်နေ appeared first on Khit Thit Media .