AA က တူးဖော်ရရှိသွားသည့် ရခိုင်သမိုင်းဝင် ရှေးဟောင်း ယတြာခေါင်းလောင်း အကြောင်း အစီရင်ခံ အမြန်တင်ပြရန် မင်းအောင်လှိုင်က ရှေးဟောင်းသုတေသနကို ညွှန်ကြား

ရန်ကုန်၊ ဇန်နဝါရီ ၈ ရခိုင်ပြည်တွင် အာရက္ခတပ်တော်-AA က တူးဖော်ရရှိသွားသည့် ရခိုင်ရှေးဟောင်း ယတြာခေါင်းလောင်း၏ အကြောင်း ကို အစီရင်ခံစာ အသေးစိတ် အမြန်တင်ပြရန် နေပြည်တော်စစ်ရုံးက ရှေးဟောင်းသုတေသနဦးစီးဌာနကို ညွှန်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ရခိုင်အခြေစိုက် မီဒီယာများက ရခိုင်သမိုင်းဝင် ရှေးဟောင်း ယတြာခေါင်း လောင်းကို AA က တူးဖော်ရရှိထားပြီဖြစ်ကြောင်း သတင်းများ ဖော်ပြခဲ့ရာ အဆိုပါ သတင်းများကြောင့် နေပြည်တော်စစ်ရုံးက ယတြာခေါင်းလောင်းနှင့်ပတ်သက်၍ အသေးစိတ် အစီရင်ခံစာများ ရေးသား၍ အမြန်ဆုံးတင်ပြရန် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကို ညွှန်ကြားခဲ့ကြောင်း၊ အဓိကအားဖြင့် စစ်ခေါင်းဆောင်က ယတြာခေါင်းလောင်းကိစ္စကို စိတ်ဝင်စားနေကြောင်း သိရှိရသည်။ ” ယတြာခေါင်းလောင်းရဲ့ ရာဇဝင် သမိုင်းကြောင်းတွေ […] The post AA က တူးဖော်ရရှိသွားသည့် ရခိုင်သမိုင်းဝင် ရှေးဟောင်း ယတြာခေါင်းလောင်း အကြောင်း အစီရင်ခံ အမြန်တင်ပြရန် မင်းအောင်လှိုင်က ရှေးဟောင်းသုတေသနကို ညွှန်ကြား appeared first on Khit Thit Media .