Credit to Popular Journal - မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်ထားသည်။ ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့်နိုင်ငံခြားငွေများအနက် ဒေါ်လာ ၁,၀၄၂,၃၅၀ အား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ ရောင်းချပေးခဲ့သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၇ ရက် FX Trading တွင် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ဓာတ်မြေဩဇာ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ဆေးဝါးနှင့်ဆေးဝါးကုန်ကြမ်းပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊တိရစ္ဆာန်အစာ၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊စားသုံးကုန်စည်၊ ကတ္တရာတင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ကြောင်း သိရသည်။ The post ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်း ရောင်းချပေးမည် appeared first on Popular .