ရန်ကုန်၊ ဇန်နဝါရီ ၈ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းပတ်ပတ်လည်ရှိ ဈေးဆိုင်ခန်း များ၊ တိုက် ခန်းများကို စစ်ကော်မရှင်က လျှပ်စစ်မီးများဖြတ်တောက်ပစ်ပြီး အတင်းအကြပ်ဖယ်ရှား ခိုင်းနေကြောင်း ဆိုင်ခန်းပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇန်နဝါရီလ ၅ ရက်နေ့ သက်ဆိုင်ရာ တိုက်ခန်းပိုင်ရှင်များ၊ ဆိုင်ခန်းပိုင်ရှင်များထံသို့ စစ်ကော်မရှင် လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက စာထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းဖယ်ရှားပေးရန် ဖိအားပေးနေကြောင်း၊ အလားတူ ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း ထပ်မံ၍ စာထုတ်ကာ စာထုတ်အကြောင်းကြားကာ ယခု အခါ လျှပ်စစ်မီးများပါ ဖြတ်တောက်ပစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ “မဖယ်ပေးဘူးဆိုရင် အင်အားသုံးဖျက်ဆီးမယ့်သဘောပဲ။ လျှပ်စစ်မီးတွေဖြတ်ထားပြီ။ တနည်းမဟုတ် တ နည်းနည်းနဲ့ ထွက်အောင်လုပ်နေတာ။ အားကစားဝန်ကြီး လက်အောက်က Non-CDM တွေကလည်း အထက်က စာကျလာလို့ဆိုပြီး ပြည်သူတွေကို […] The post တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းပတ်ပတ်လည်ရှိ ဆိုင်ခန်းနှင့် တိုက်ခန်းများကို စစ်ကော်မ ရှင်က လျှပ်စစ်မီးများ ဖြတ်တောက်ပစ်ပြီး အတင်းအကျပ်ဖယ်ခိုင်းနေ appeared first on Khit Thit Media .