ရန်ကုန်၊ ဇန်နဝါရီ ၈ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို ရက်ပေါင်း ၅၀ ကြာ ပိတ်ဆို့ တိုက်ခိုက်ရာ စရဖ မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၃၀ ကျော် ထိခိုက်သေဆုံးမှုရှိကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၈ ရက်နေ့ထိ လောင်းလုံးမြို့ပေါ်မှ ညင်းမော်ရွာသို့ လာရောက်ထပ်စွဲထားသော စစ်တပ်သည် အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များက ရက်ပေါင်း ၅၀ ကြာ ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ […] The post လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ရက်ပေါင်း ၅၀ ကြာ ပိတ်ဆို့ တိုက်ခိုက်မှု စရဖ မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၃၀ ကျော် သေဆုံးဟုဆို၊ PDF ၃ ဦး ကျဆုံး appeared first on Khit Thit Media .