မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်းအနေဖြင့် တနှစ်အတွင်း မူးယစ်ဆေးစွဲသူ ၃၈၀ ကျော်ကို မူးယစ်ဆေးဖြတ်ကာ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့

Credit to Popular Journal - မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (ဗဟို) အနေဖြင့် ၂၀၂၅-ခုနှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသူဦးရေ (၃၈၀) ကျော်အား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အသင်းအနေဖြင့် မူးယစ်ဆေးစွဲလူနာများအား ရှာဖွေဖော်ထုတ်ခြင်း၊ ဆိုရှယ်မီဒီယာမှ ဆက်သွယ်လာသည့် မူးယစ်ဆေးစွဲလူနာများအား ဆေးရုံသို့ လွှဲပြောင်းညွှန်းပို့၍ ဆေးဖြတ်ပေးခြင်း၊ ဆေးရုံမှ ပြန်ဆင်းလာသည့်အခါ ပြန်လည်ထူထောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပြန်လည်ထူထောင်မှုခံယူပြီးသူများအား နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို (၂၄) နာရီ ဝန်ဆောင်မှုပေးလျက်ရှိခဲ့ခြင်း ဖြစ်သည်။ ယမန်နေ့ (ဇန်နဝါရီ ၈) ကမူ ထိုမူးယစ်ဆေးဖြတ်သင်တန်းဆင်းသင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားပြုလုပ်ခဲ့ကာ သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များအား အသီးသီးပေးအပ်ခဲ့ကြသည်ဟုလည်း သိရသည်။ The post မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်းအနေဖြင့် တနှစ်အတွင်း မူးယစ်ဆေးစွဲသူ ၃၈၀ ကျော်ကို မူးယစ်ဆေးဖြတ်ကာ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ appeared first on Popular .