Credit to Popular Journal - အမေရိကန် အာဏာပိုင်များသည် ဖမ်းဆီးထိန်းသိမ်းထားသည့် Marinera (Bella 1 ဟုလည်း သိကြသော) ရေနံတင်သင်္ဘောမှ သင်္ဘောအမှုထမ်းများအား ရာဇဝတ်မှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အမေရိကန် ရှေ့နေချုပ် ပမ်ဘွန်ဒီ(Pam Bondi) က X လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။ သူမ၏ ပြောကြားချက်အရ အဆိုပါသင်္ဘောသည် “ဗင်နီဇွဲလားနှင့် အီရန်နိုင်ငံတို့မှ ပိတ်ဆို့အရေးယူခံထားရသော ရေနံများကို သယ်ယူပို့ဆောင်ပေးနေခြင်းဖြစ်သည်” ဟု သတင်းရရှိထားပြီး၊ သင်္ဘောအမှုထမ်းများသည် ဖမ်းဆီးခြင်းမခံရစေရန်အတွက် “အပြင်းအထန် ကြိုးပမ်းအားထုတ်မှုများ” ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။ “ကမ်းခြေစောင့်တပ်ဖွဲ့၏ အမိန့်ကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် အကျိုးဆက်အနေဖြင့် ဤသင်္ဘောရှိ အမှုထမ်းများအား အပြည့်အဝ စုံစမ်းစစ်ဆေးလျက်ရှိပြီး၊ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူအားလုံးကို ရာဇဝတ်မှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်သည်” ဟု သူမက ပြောကြားခဲ့သည်။ “အလားတူ အရေးယူဆောင်ရွက်မှုမျိုး ပြုလုပ်ရန်အတွက် […] The post Marinera သင်္ဘောအမှုထမ်းများအား အမေရိကန်က ရာဇဝတ်မှုဖြင့် တရားစွဲဆိုမည်ဟု အမေရိကန်ရှေ့နေချုပ်ပြောကြား appeared first on Popular .