ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ထွက်လာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၈ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း Black Eagle PDF -Bagan အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဇီးသီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၃ ရက်နေ့တွင် ညောင်ဦးမြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ဝဲကျေးရွာသို့ ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူကာ ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာလာပြီး လက်ဝဲကျေးရွာနှင့် မန်ကျည်းတန်းကျေးရွာအကြားတွင် Black Eagle PDF (Bagan) တပ်ဖွဲ့က အသင့် စောင့်ကြို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား […] The post ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ထွက်လာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိ appeared first on Khit Thit Media .