ရန်ကုန်၊ ဇန်နဝါရီ ၉ စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် မုံရွာမြို့တွင် စစ်မှုထမ်းအပတ်စဉ် ၂၁ အတွက် လူငယ် ၁၀၀ ကျော်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံ လူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ဇန်နဝါရီလ ၄ ရက်နေ့ တစ်ရက်တည်းတွင်ပင် လူငယ် ၅၀ကျော်ကို အကြမ်းဖက် စစ်တပ် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း Fight For Freedom မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ “ရွှေဘိုမြို့ပေါ်မှာ လွတ်လပ်ရေးနေ့ စစ်တပ်က ပေါ်တာဆွဲတယ်။ လူငယ် ၅၀ ကျော် အဖမ်းခံရတယ်။ ရွှေဘိုမြို့ သက်သာပန်းတောင်းရပ်ကွက်၊ အမှတ် ၇ရပ်ကွက် ၊ ကားကြီးကွင်း နဲ့ ရွှေဘို စည်ပင်ဈေးမှာ လူငယ်တွေအကုန်လုံးကို ပေါ်တာဝင်ဆွဲတာ။ […] The post ရွှေဘိုနှင့် မုံရွာမြို့တွင် စစ်မှုထမ်းအပတ်စဉ် ၂၁ အတွက် လူငယ် ၁၀၀ ကျော်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး appeared first on Khit Thit Media .