ရန်ကုန် – မန္တလေး ပုဂံ ရထားခရီးစဉ်များယာယီ ရပ်နားထား

Credit to Popular Journal - လတ်တလောတွင် ဒေသအချို့၌ဖြစ်ပွားနေသည့် တို-က်ပွဲကြောင့် ရန်ကုန် – မန္တလေး ရထားခရီးစဉ်များကို ယာယီ ရပ်နားထားရသည်ဟု သိရသည်။ ထိုသို့ရပ်နားထားသည့် အသိပေးအကြောင်းကြားထုတ်ပြန်မှုကို သက်ဆိုင်ရာ ဘူတာများတွင် ရေးသား ချိတ်ဆွဲထားသည်ဟုလည်း ရထားစီးနင်းသူများက ပြောသည်။ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းဖြစ်သည့် ညောင်လေးပင်နှင့် ဖြူးဘူတာကြား၌ လုံခြုံရေးအခြေအနေအရ အစုန်၊ အဆန် ရထားခရီးစဉ် ယာယီရပ်နားထားရခြင်း ဖြစ်သည်။ ထိုနည်းတူ ရန်ကုန်-ပုဂံရထားခရီးစဉ်လည်း ပါဝင်ကာ ရထားလက်မှတ်ခများကို ပြန်လည်အမ်းပေးနေသည်ဟူလည်း သိရသည်။ ဓာတ်ပုံ – လူမှုကွန်ရက် The post ရန်ကုန် – မန္တလေး ပုဂံ ရထားခရီးစဉ်များယာယီ ရပ်နားထား appeared first on Popular .