နိုင်ငံရေးသမား ၁၀ ဦးကို ကျားဖြန့်၊ လောင်းကစား၊ မူးယစ်နှင့် ဆက်နွှယ်မှုဖြင့် ထိုင်းရဲစုံစမ်းစစ်ဆေးနေ

Credit to Popular Journal - ဘန်ကောက်၊ ဇန်နဝါရီလ ၉ ကျားဖြန့်လုပ်ငန်းများ၊ အွန်လိုင်းလောင်းကစားကွန်ရက်များနှင့် မူးယစ်ဆေးဝါးမှောင်ခိုမှုများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိရသော ထိုင်းနိုင်ငံရေးသမားများနှင့် အမတ်ဟောင်း ၁၀ ဦးထက်မနည်းကို စုံစမ်းစစ်ဆေးနေပြီး မကြာမီ ဖမ်းဆီးနိုင်ဖွယ်ရှိကြောင်း တရားရေးဝန်ကြီး ဒုတိယရဲဗိုလ်ချုပ်ကြီး ရုထာဖုန်း နဝရတ် က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ယခင် ပြည်သူ့ပါတီ (ပီပီ) အမတ်ဟောင်း ရန်စီမန်ရုန်း၏ အစိုးရသည် ကျားဖြန့်ဂိုဏ်းများနှင့် တရားမဝင်လောင်းကစားကွန်ရက်များကို နှိမ်နင်းရန် ပျ-က်ကွက်နေပြီး “အမှောင်စီးပွားရေးလုပ်ငန်းများ” ကို နိုင်ငံရေးသြဇာလွှမ်းမိုးလာအောင် ခွင့်ပြုထားသည်ဟူသော စွပ်စွဲချက်ကို ဝန်ကြီးက တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယရဲဗိုလ်ချုပ်ကြီး ရုထာဖုန်းက ဆိုက်ဘာရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာဌာနများသည် အဆိုပါတရားမဝင်လုပ်ငန်းများကို အစဉ်တစိုက် စုံစမ်းစစ်ဆေးလျက်ရှိပြီး ဆက်နွှယ်မှုရှိသည့် ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းများနှင့် အမတ်ဟောင်းများကို ပူးပေါင်းစစ်ဆင်ရေးများဖြင့် မကြာမီ အရေးယူသွားမည်ဟု ဆိုသည်။ “ရရှိထားတဲ့ အချက်အလက်တွေအရ […] The post နိုင်ငံရေးသမား ၁၀ ဦးကို ကျားဖြန့်၊ လောင်းကစား၊ မူးယစ်နှင့် ဆက်နွှယ်မှုဖြင့် ထိုင်းရဲစုံစမ်းစစ်ဆေးနေ appeared first on Popular .