Credit to Popular Journal - ကယားပြည်နယ်အတွင်း တဖက်လက်နက်ကိုင်အဖွဲ့အစည်းများ၏ အဖျ-က်အမှောင့်လုပ်ရပ်များကြောင့် နေအိမ်ပျ-က်စီးဆုံးရှုံးခဲ့ရသည့်ဒေသ နေပြည်သူများနှင့်ဝန်ထမ်းများအတွက် တန်ဖိုးသင့်အိမ်ရာများကို ကယားပြည်နယ်အစိုးရက ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ အဆိုပါလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ဇန်နဝါရီ ၉ ရက်က ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ ထိုကဲ့သို့ တန်ဖိုးသင့်အိမ်ရာများကို သာမန်အဆောက်အအုံတစ်ခုအဖြစ် ဆောက်လုပ်ပေးခြင်းမဟုတ်ဘဲ လူမှုဘဝအတွက်အခြေခံအကာအကွယ်ကို ပြန်လည်ပေးအပ်ခြင်း၊ ယုံကြည်ချက်နှင့်မျှော်လင့်ချက်ကို ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်သည်ဟု ကယားပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။ ထို့ပြင် ပြည်နယ်အစိုးရအနေဖြင့် ပြည်သူများအား ပြန်လည်နေရာချထားပေးခြင်းနှင့် မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် ပံ့ပိုးကူညီမှုများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။ လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နေအိမ် အလုံး ၅၀ ကို ဆောက်လုပ်ပေးနိုင်ခဲ့ပြီး နောက်ဘဏ္ဍာရေးနှစ်များတွင်လည်း ထပ်မံဆောက်လုပ်ပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း သိရသည်။ The post ကယားပြည်နယ်အတွင်း နေအိမ်ပျ-က်စီးဆုံးရှုံးခဲ့ရသည့် ပြည်သူများအား တန်ဖိုးသင့်အိမ်ရာများ လွှဲပြောင်းပေးအပ် appeared first on Popular .