နတ်တလင်းနှင့် သာယာဝတီခရိုင်ရှိ စစ်တပ် စခန်းများ တိုက်ခိုက်ခံရပြီးနောက် ဇီးကုန်းနှင့် ကြို့ပင်ကောက်မြို့ အဝင်လမ်းများကို စစ်တပ်က ဖျက်ဆီးပြီး ရွေးကောက်ပွဲ အပိုင်း ၂ အတွက် ကြိုတင်မဲများ လိုက်လံ ကောက်ခံနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ပဲခူးတိုင်း၊ နတ်တလင်း ခရိုင်နှင့် သာယာဝတီခရိုင်ရှိ အကြမ်းဖက် စစ်တပ် စခန်းများ တိုက်ခိုက်ခံရပြီးနောက် ဇီးကုန်းနှင့် ကြို့ပင်ကောက်မြို့ အဝင်လမ်းများကို စစ်တပ်က မြေတူးစက်များဖြင့် လာရောက် ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၇ ရက်နေ့တွင် နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် မင်းလှမြို့နယ် အတွင်းရှိ အကြမ်းဖက် အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒရုန်းတပ်ဖွဲ့များနှင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တို့က တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် စစ်သား […] The post နတ်တလင်းနှင့် သာယာဝတီခရိုင်ရှိ စစ်တပ် စခန်းများ တိုက်ခိုက်ခံရပြီးနောက် ဇီးကုန်းနှင့် ကြို့ပင်ကောက်မြို့ အဝင်လမ်းများကို စစ်တပ်က ဖျက်ဆီးပြီး ရွေးကောက်ပွဲ အပိုင်း ၂ အတွက် ကြိုတင်မဲများ လိုက်လံ ကောက်ခံနေ appeared first on Khit Thit Media .