နိုင်ငံတစ်ဝန်း စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက်မပြည့်မီမှုကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၈) ဘီလီယံခန့် ဆုံးရှုံးလျက်ရှိ

Credit to Popular Journal - တစ်ဧက ပန်းတိုင်အထွက်နှုန်းအတိုင်းရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလို စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နှင့် နိုင်ငံတစ်ဝန်း စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက် မပြည့်မီမှုကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၈) ဘီလီယံခန့် ဆုံးရှုံးလျက်ရှိ ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ယနေ့ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများကို တွေ့ဆုံစဉ် ယာယီသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ တစ်ဧက ပန်းတိုင်း အထွက်နှုန်းအတိုင်းရရှိစေရေးကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းနှင့် ပြည်တွင်းပြည်ပ ဈေးကွက်တွင်ဝယ်လိုအားရှိသည့် သီးနှံများကို စိုက်ပျိုးသွားကြရန်လိုကြောင်း လည်း ယာယီသမ္မတ ကပြောသည်။ ထို့ပြင် ကန်ကြီးထောင့်မြို့နယ်အတွင်း ပေါ်ဆန်းမွှေစပါးစိုက်ပျိုးသည်ဟု သိရှိရပြီး ပေါ်ဆန်းမွှေးဆန်သည် တန်ဖိုးမြင့်သည့်အမျိုးစားဖြစ်ပြီး ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်ကြောင်း ပေါ်ဆန်းမွှေးစပါးထုတ်လုပ်မှုများ တိုးတက်အောက်ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်းလည်း ယာယီသမ္မတ က‌ပြောသည်။ […] The post နိုင်ငံတစ်ဝန်း စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက်မပြည့်မီမှုကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၈) ဘီလီယံခန့် ဆုံးရှုံးလျက်ရှိ appeared first on Popular .