ရန်ကုန်၊ ဇန်နဝါရီ ၁၀ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ထိန်တပင်ကျေးရွာနှင့် ကလိမ်ခင်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၉ ရက်နေ့ နံနက်အစောပိုင်းတွင် ညောင်လေးပင်မြို့နယ်၊ ထိန်တပင်ကျေးရွာနှင့် ကလိမ်ခင်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းများကို ပဲခူးတိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ထိခိုက်သူများပြာပြီး သေဆုံးသူ အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။ ထိုသို့ တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုကို အမှတ်(၂) စစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၏ စစ်တောင်းမြစ်ဝှမ်းဒေသ၊အောင်မြင်စစ်ဆင်ရေး၏ ပူးပေါင်းစစ်ဆင်ရေးတစ်ခုလည်းဖြစ်ကြောင်း သိရသည်။ “အဲစခန်းမှာ […] The post ညောင်လေးပင်မြို့နယ်၊ ထိန်တပင်ရွာနှင့် ကလိမ်ခင်ရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်၊ ချောင်းဦးမြို့တွင်လည်း စစ်တပ် လှည့်ကင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်မှု appeared first on Khit Thit Media .