ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရန်ကုန်တိုင်းနှင့်ပဲခူးတိုင်းအစပ်တွင် စစ်ဆင်ရေးများ ဖော်ဆောင်ရန်ရှိနေသဖြင့် ပြည်သူများအနေဖြင့် စစ်ရေးအခြေအနေများကို သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက တိုက်တွန်းပြောဆိုသည်။ ရန်ကုန်နှင့်အနီးစပ်ဆုံး ပဲခူးတိုင်း စစ်ဆင်ရေးနယ်မြေတွင် ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့ ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ တောကျွဲအင်းမြို့ အပါအဝင် အကြမ်းဖက် စစ်တပ်၏ တပ်စခန်းနှင့် ကင်းစခန်း ၁၄ ခုကို တိုက်ခိုက်သိမ်းပိက်ခဲ့ပြီး စစ်သား ၅၀ ဦးသေဆုံးခဲ့ကြောင်း၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲအင်းမြို့ (အောင်မြင်မြို့) အပါအဝင် ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ အုတ်တွင်းမြို့နယ်၊ ညောင် ခြေ ထောက် နှင့် ကျွဲပွဲကြား […] The post ရန်ကုန်နှင့်ပဲခူးအစပ်တွင် စစ်ဆင်ရေးများ ဖော်ဆောင်ရန်ရှိနေသဖြင့် စစ်ရေးအခြေအနေများကို ပြည်သူများ သတိပြုကြရန် တိုက်တွန်း appeared first on Khit Thit Media .