မင်းလှမြို့နယ်ရှိ မဲရုံ ၂ ခုတွင် ကင်းစောင့်နေသော စစ်တပ်ကို မိုင်းခွဲ၊ ထန်းတပင်မြို့နယ်​ ထွေ/အုပ်ရုံးကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ မဲရုံ ၂ ခုတွင် ကင်းစောင့်နေသော စစ်တပ်ကို မိုင်းခွဲတိုက် ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် မင်းလှမြို့နယ်၊ လက်ပံ ရေကျော်အုပ်စု၊ အမှတ် ၁ မဲရုံတွင် ကင်းစောင့်နေသော စစ်သား၊ ရဲနှင့် ပျူစောထီးများ အဝင်အထွက် ပြုလုပ်နေသည့် လမ်းပိုင်းကို မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်ကြောင်း သိရသည်။ အလားတူ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၄ […] The post မင်းလှမြို့နယ်ရှိ မဲရုံ ၂ ခုတွင် ကင်းစောင့်နေသော စစ်တပ်ကို မိုင်းခွဲ၊ ထန်းတပင်မြို့နယ်​ ထွေ/အုပ်ရုံးကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ appeared first on Khit Thit Media .