Credit to Popular Journal - လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် ယနေ့ ဇန်နဝါရီ ၁၁ ရက်က ရွေးကောက်ပွဲအပိုင်း(၂)တွင်ပါဝင်သည့် ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်ရှိ မဲရုံများ၌ မဲဆန္ဒရှင်များ ဆန္ဒမဲပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ဝါးခယ်မမြို့နယ် ၊ ကျုံမငေးမြို့၊ သီရိဟေမာရပ်ကွက်ရှိ မဲရုံ၊ မြစိမ်းရပ်ကွက်ရှိ မဲရုံ၊ ဝါးခယ်မမြို့၊ လှေကျင်း ရပ်ကွက်ရှိ မဲရုံ၊ စာရေးကုန်းရပ်ကွက်ရှိ မဲရုံတို့သို့သွားရောက်၍ မဲဆန္ဒရှင်များ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနေမှုကိုကြည့်ရှုအားပေးနှုတ်ဆက်ကာ မဲရုံမှူးနှင့်တာဝန်ရှိသူများ၏ လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ဝါးခယ်မမြို့နယ်၏ရွေးကောက်ပွဲဆိုင်ရာအုပ်ချုပ်မှုရုံးအဖြစ်ဖွင့်လှစ်ထားသော ဝါးခယ်မမြို့၊ ရွှေခယ်သီရိအားကစားခန်းမတွင် ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်အား တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များဆောင် ရွက်ထားရှိမှုနှင့် မဲရုံများပိတ်သိမ်းပြီးပါက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။ The post လဝက ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ဝါးခယ်မမြို့နယ်၌ မဲဆန္ဒရှင်များ ဆန္ဒမဲပေးနေမှုကိုကြည့်ရှုအားပေး appeared first on Popular .