Credit to Popular Journal - မကြာခင်က မြောက်ကိုရီးယားဝေဟင်ပိုင်နက်အတွင်းသို့ ဒရုန်းများဝင်ရောက်ခဲ့သည့် ဖြစ်ရပ်များကို စုံစမ်းစစ်ဆေးရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်၏ သြဇာတိက္ကမကြီး သောညီမဖြစ်သူ ကင်မ်ယိုဂျွန်က တောင်ကိုရီးယားကို တိုက်တွန်းလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ တောင်ကိုရီးယားအနေဖြင့် ရန်လိုသော ရည်ရွယ်ချက်မရှိဟူသော တရားဝင်ရပ်တည်ချက်ကို ကြေညာရန် ညဏ်အမြော်အမြင်ရှိစွာ ဆုံးဖြတ်ခဲ့သည့်အတွက် ဆိုးလ်ကို ကျေးဇူးတင်ကြောင်း ကင်မ်က ပြောကြားခဲ့ပြီး ရန်လိုသော လုပ်ရပ်ဟူသမျှသည် ဆိုးရွားသောအခြေအနေများကို ဖြစ်ပေါ်စေလိမ့်မည်ဟု သတိပေးခဲ့ကြောင်း ကေစီအင်န်အေက ဖော်ပြသွားခဲ့သည်။ ယခုလအစောပိုင်းက တောင်ကိုရီးယားဘက်မှ ဒရုန်းများသည် မြောက်ကိုရီးယားပိုင်နက်အတွင်းကို ပျံသန်းခဲ့ကြောင်းနှင့် စက်တင်ဘာလအတွင်းကလည်း အလားတူကျူးကျော်မှုမျိုးဖြစ်ခဲ့ကြောင်း မြောက်ကိုရီးယားစစ်တပ်က စနေနေ့တွင် ပြောကြားခဲ့သည်။ ဒရုန်းများကို စစ်တပ်က စေလွှတ်ပျံသန်းခဲ့ခြင်းမဟုတ်ဟု သိပ်မကြာခင်တွင် တောင်ကိုရီးယားစစ်တပ်ဘက်က တုန့်ပြန်ခဲ့သည်။ ဒရုန်းများကို ပျံသန်းစေခဲ့သည့် ဖြစ်နိုင်ခြေရှိသော အရပ်သားများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့်မူ […] The post ဒရုန်းဖြင့်ပိုင်နက်ကျော်မှုကိုစုံစမ်းပေးရန်ဆိုးလ်ကိုပြုံယမ်းတောင်းဆို appeared first on Popular .