အမေရိက က ကမ္ဘောဒီးယားကို အကူအညီများ ပေးမည်

Credit to Popular Journal - ဖ‌နောင်ပင်၊ ဇန်နဝါရီ ၁၀ နေရပ်စွန့်ခွာရသည့် မိသားစုများကို ကူညီရန်၊ မိုင်းရှင်းလင်းရန်နှင့် အွန်လိုင်းလိမ်လည်မှုများကို တို-က်ဖျ-က်ရန်အတွက် အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ သန်းနှင့်ချီသော အကူအညီများကို ပေးအပ်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံက စနေနေ့တွင် ပြောကြားခဲ့သည်။ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ယူအက်စ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဂျော့ည‌ဒေဆွမ့်ဘရ်က ဖနောင်းပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော် တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နှင့် တွေ့ဆုံစဉ် ယင်းအကူအညီများပေးမည်ဖြစ်ကြောင်းကြေညာခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ မိုက်ကယ်သည် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား ထိလွယ်ရှလွယ်သည့်အပ-စ်အခတ်ရပ်စဲရေးကို ခိုင်မာစေရန် ကူညီပေးဖို့ ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပါသည်။ “နိုင်ငံနှစ်ခုစလုံးရဲ့ နယ်စပ်တစ်လျှောက်က နေရပ်စွန့်ခွာရတဲ့ မိသားစုတွေကို ထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာ ၁၅ သန်းနဲ့ ကမ္ဘောဒီးယားနိုင်ငံအတွင်းက မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေ ရှင်းလင်းရေးအတွက် ဒေါ်လာ ၁၀ […] The post အမေရိက က ကမ္ဘောဒီးယားကို အကူအညီများ ပေးမည် appeared first on Popular .