ရန်ကုန်၊ ဇန်နဝါရီ ၁၁ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကုန်းရွာတွင် အထိုင်ချထားသော ပျူစောထီး စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကြောင်း မြင်းခြံခရိုင် OneMore စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ကျောက်ကုန်းကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော ပျူစောထီးစခန်းကို တော်လှန် ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုသည် ၁ နာရီခွဲကျော်ကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များက ပျူစောထီးစခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ ရှင်းလင်းရေး ပြုလုပ်ပြီးနောက် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း […] The post မြင်းခြံမြို့နယ်၊ ကျောက်ကုန်းရွာတွင် အထိုင်ချထားသော ပျူစောထီး စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး appeared first on Khit Thit Media .