ပေါက်မြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်

ရန်ကုန်၊ ဇန်နဝါရီ ၁၁ မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း ချက်ကန်ရွာအနီးတစ်၀ိုက်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့ မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါက်မြို့နယ် တောင်ပိုင်းရှိ ချက်ကန်ရွာအနီးတစ်၀ိုက်ကို လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်များ ပျက်စီးမှုမရှိကြောင်း သိရှိရသည်။ “စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူး။ နေအိမ်များ ထိခိုက်ပျက်စီးတာမျိုးမရှိဘူး။ ပေါက်မြို့နယ် တောင်ပိုင်း ချက်ကန်ရွာ အနီးတစ်၀ိုက်ကို ကျဲသွားတာပါ။ စစ်ခွေးတွေက ၄ကြိမ်ကျဲသွားတယ်။ ဗုံး ၁လုံးနဲ့ စက် […] The post ပေါက်မြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ် appeared first on Khit Thit Media .