ရန်ကုန်၊ ဇန်နဝါရီ ၁၁ မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ အသေခံဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၉ ရက်နေ့တွင် စလင်းမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်က ဆင်ဖြူကျွန်းမြို့ မြောက်ဘက်နှင့် စလင်းချောင်း မြောက်ဘက်ရှိ ကျေးရွာများကို ဒရုန်း၊ အသေခံဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ကျေးရွာ ၁ ခုကို ဒရုန်းဗုံးများနှင့် အသေခံဒရုန်းများ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရကာ နွား ၃ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။ […] The post စလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ အသေခံဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရ appeared first on Khit Thit Media .