ပေါင်းတည်မြို့နယ်ရှိ မဲရုံ ၃ ခုတွင် ကင်းစောင့်နေသော စစ်သားများနှင့် ခမရ ၁၀ တပ်ရင်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ မဲရုံ ၃ ခုတွင် ကင်းစောင့်နေသော အကြမ်းဖက် စစ်သားများနှင့် ခမရ ၁၀ တပ်ရင်းတို့ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် ပေါင်းတည်မြို့နယ်၊ ရှမ်းကုန်းရွာထိပ်၌ မဲရုံအား လုံခြုံရေး ယူပေးနေသော စစ်သားများနှင့် သပြေကြီးစုရွာ-ချောင်းခွရွာ အကြားရှိ ချောင်းခွရွာမဲရုံအတွက် လုံခြုံရေးယူပေးနေသော စစ်သားများကို ၃၆၀၁ တပ်ရင်း တပ်ခွဲ ၅ မှ ရဲဘော်များက တပြိုင်တည်း မိုင်းဆွဲ […] The post ပေါင်းတည်မြို့နယ်ရှိ မဲရုံ ၃ ခုတွင် ကင်းစောင့်နေသော စစ်သားများနှင့် ခမရ ၁၀ တပ်ရင်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ appeared first on Khit Thit Media .