မြစ်ဆုံရေအားလျှပ်စစ်မီမံကိန်းကို ပြန်လည်သုံးသပ် ဆွေးနွေးအကောင်ထည်ဖော်သွားရန် လိုအပ်

Credit to Popular Journal - ငလျက်ဒ-ဏ်ခံနိုင်မှုအတွက် အဓိကထားတွက်ချက်ဆောင်ရွက်မှု အခြေအနေကို ဒေသခံများကို ရှင်းလင်း ရေအားလျှပ်စစ်သည် ကုန်ကျစရိတ်အသက်သာဆုံးဖြစ်ပြီး ကချင်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် မေခ၊ မလိခမြစ်နှစ်ခုမှ ပေါင်းစည်းပေးသည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေးအကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ပြောသည်။ ယမန်နေ့က မြစ်ကြီးနားမြို့တွင် သွားရောက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများကို တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက အထက်ပါအတိုင်း‌ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြစ်ဆုံစီမံကိန်း အောင်မြင်ပါက ကချင်ပြည်နယ်နှင့် နိုင်ငံတော်၏ အကျိုးပြုစေမည့် ကုန်ထုတ်စွမ်းအား ပိုမိုတိုးတက်စေမည့် လျှပ်စစ်ဓါတ်အားများရရှိပြီး နောင်လာနောက်သားများ အကျိုးများစွာ ခံစားရမည်ဖြစ်ကြောင်းလည်း ဦးတင်အောင်စန်းက ပြောကြားခဲ့သည်။ ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ငလျင်နှင့်အင်ဂျင်နီယာ ဘူမိဗေဒပညာရှင် ဒေါက်တာအေးလွင်က ရေလှောင်တမံတည်ဆောက်မှုနှင့် ပတ်သက်၍ […] The post မြစ်ဆုံရေအားလျှပ်စစ်မီမံကိန်းကို ပြန်လည်သုံးသပ် ဆွေးနွေးအကောင်ထည်ဖော်သွားရန် လိုအပ် appeared first on Popular .