Credit to Popular Journal - ဇန်နဝါရီ ၁၁ အီလွန်မတ်စ်၏ စပေ့အိတ်စ် ကုမ္ပဏီသည် မျှဝေသုံးစွဲရသည့် ပတ်လမ်းအရင်းအမြစ်များကို ဖောင်းပွအောင် လုပ်ဆောင်နေသည်ဟု တရုတ်က စွပ်စွဲခဲ့ပြီးနောက် တရုတ်ကုမ္ပဏီများက အင်တာနက်ဂြိုဟ်တုပေါင်း ၂၀၀,၀၀၀ ကျော် လွှတ်တင်မည့် အစီအစဉ် ကုလသမဂ္ဂအေဂျင်စီတစ်ခုထံ တင်ပြခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်လကုန်ပိုင်းက တရုတ်ဂြိုဟ်တုလုပ်ငန်းရှင်အသီးသီးထံမှ တင်ပြချက်ပေါင်း တစ်ဒါဇင်ခန့်ကို အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေး အဖွဲ့ထံသို့ ပေးပို့ခဲ့သည်။ အကြီးမားဆုံး စီမံကိန်းများဖြစ်သည့် စီတီစီ-၁နှင့် စီတီစီ-၂ တို့သည် တစ်ခုလျှင် ဂြိုဟ်တု ၉၆,၇၁၄ လုံးစီအတွက် ဖြစ်ကာ အသစ်တည်ထောင်လိုက်သော ရေဒီယိုလှိုင်းစဉ် အသုံးချမှုနှင့် နည်းပညာဆန်းသစ်တီထွင်မှုဆိုင်ရာ အဖွဲ့အစည်းက တင်ပြခဲ့ခြင်းဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း အမေရိကနှင့် တရုတ်တို့သည် အင်တာနက်ဂြိုဟ်တု အုပ်စုကြီးများ လွှတ်တင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလာကြရာ အမေရိကန်အခြေစိုက် စပေ့အိတ်စ်သည် ၎င်း၏ စတားလင့်ခ် […] The post တရုတ်ကအာကာသထဲသို့ဂြိုဟ်တု ၂၀၀,၀၀၀ လွှတ်တင်ရန် လျှောက်ထား appeared first on Popular .