ရန်ကုန်၊ ဇန်နဝါရီ ၁၂ မကွေးတိုင်း၊ ကံမမြို့နယ် အုပ်ချုပ်ရေးမှူး ဇော်မင်းနိုင်မှာ ယမန်နေ့ ရွေး ကောက်ပွဲ အပိုင်း ၂ မဲရုံများသို့ သွားရောက်စစ်ဆေးပြီးအပြန်လမ်းတွင် ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရှိရသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်း ကံမမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များလိုက်ပါသော အဖွဲ့က မဲရုံများကို စစ်ဆေးပြီး အပြန်လမ်း ကားတန်းကို PDF တပ်ဖွဲ့ တိုက်ခိုက်ခြင်းခံရကြောင်း၊ တိုက်ခိုက်ခံရမှုကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ၊ ကံမမြို့နယ် အုပ်ချုပ်ရေးမှူးမှာမူ ကျည်ထိဒဏ်ရာ ၃ ချက်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်သဖြင့် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။ “အပစ်ခံရတာ ကံမ ပြောင်ကျကျေးရွာနဲ့ […] The post ကံမမြို့နယ် အုပ်ချုပ်ရေးမှူး ဇော်မင်းနိုင် မဲရုံများသို့ သွားရောက်စစ်ဆေးပြီးအပြန်လမ်းတွင် ပစ်ခတ်ခံရကာ သေဆုံး၊ ကံမမြို့နယ်သို့ ပြောင်းရွှေ့ပြီး ၁ နှစ်မပြည့်ခင်မှာပင် သေဆုံးခဲ့ appeared first on Khit Thit Media .