Credit to Popular Journal - မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၂) ၌ မွန်ညီညွတ်ရေးပါတီ (MUP) က လွတ်တော်သုံးရပ်အတွက် မဲဆန္ဒနယ် (၅) နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ (၄) နေရာတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲအပိုင်း (၂) ၌ မွန်ညီညွတ်ရေးပါတီအနေဖြင့် ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ဘီးလင်းမဲဆန္ဒနယ်မှလွဲ၍ ကျန်မဲဆန္ဒနယ် (၄) နေရာ၌ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ MUP ၏ မဲအနိုင်ရလဒ်များအရ ပေါင်မြို့နယ်၌ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်နေရာတွင် အနိုင်ရရှိခဲ့ကာ ပေါင်နှင့် သထုံမြို့နယ် (၂) မြို့နယ်ပေါင်းထားသည့် အမျိုးသားလွှတ်တော်နေရာတွင် ရှုံးနိမ့်ခဲ့သည်။ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် လွှတ်တော် (၃) ရပ်အတွက် မွန်ညီညွတ်ရေးပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထားသည်။ “ရေးမှာက သုံးယောက်စလုံးနိုင်တယ်။ […] The post ရွေးကောက်ပွဲ အပိုင်း (၂) တွင် မွန်ညီညွတ်ရေးပါတီက လွှတ်တော်သုံးရပ်အတွက် မဲဆန္ဒနယ် (၄) နေရာတွင် အနိုင်ရရှိ appeared first on Popular .