Credit to Popular Journal - မွန်ပြည်နယ်၊ မုဒုံမြို့၊ ကတုံးပေါ်ကျေးရွာ မီးဘေးပြန်လည်ထူထောင်ရေးအတွက် မော်လမြိုင်မြို့ဒေသခံပရဟိတအဖွဲ့ (၇) ဖွဲ့ ယနေ့ ဇန်နဝါရီ (၁၂) ရက်တွင် စတင်၍ ပူးပေါင်းအလှူခံထွက်ကာ ကူညီဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ဒေသခံပရဟိတအဖွဲ့တာဝန်ခံ ကိုဇင်မိုးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။ အဆိုပါ အလှူခံထွက်ရှိမှုကို (၂) ရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီးရရှိလာသည့် လူသုံးကုန်ပစ္စည်းနှင့် ငွေကြေးများကို မီးဘေးသင့်ပြည်သူများထံအရောက် ပြန်လည်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “အိမ်ခြေ (၅၇) လုံးမှာ လူဦးရေ (၂၀၀) ကျော်က ဘာပစ္စည်းမှမရဘဲ ဆုံးရှုံးကုန်တာပါ။ ဒီထဲမှာ မူလတန်းကစလို့ အထက်တန်းအထိ ပညာသင်ကြားနေတဲ့ ကလေး (၃၈) ဦးလည်းပါတာကြောင့် လိုအပ်တဲ့နေရာ အကုန်လှူဒါန်းသွားမှာပါ”လို့ ဆိုသည်။ ပြီးခဲ့သည့် ဇန်နဝါရီ (၈) ရက် မွန်းလွဲပိုင်းက ကတုံးပေါ်ကျေးရွာတွင် စုစုပေါင်း အိမ်ခြေ (၅၇) […] The post မုဒုံမြို့ ကတုံးပေါ်ကျေးရွာ မီးဘေးပြန်လည်ထူထောင်ရေးအတွက် မော်လမြိုင်မြို့ဒေသခံပရဟိတအဖွဲ့ (၇) ဖွဲ့ ပူးပေါင်းအလှူခံထွက်ကူညီ appeared first on Popular .