တရုတ်-စစ်တပ်ပိုင် မြန်မာယန်စီကြေးနီစီမံကိန်းကို ယမန်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ပြီးနောက် နေ့လယ် ၃ နာရီဝန်းကျင်တွင် စက်ရုံထဲနေရာယူထားသည့် စစ်တပ်က အင်အား ၅၀ ခန့်ဖြင့် ဝါးတန်းကျေးရွာကို စီးနင်းခဲ့ခြင်းဖြစ်သည်။