ကန့်ဘလူ၊ ပေါက်-မြိုင်မြို့နယ်အစပ်တို့တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဇန်နဝါရီ ၁၂ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထိန်တောရွာ အနောက်ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲချခဲ့သဖြင့် ဘုန်းကြီး ကျောင်းပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၁၁ နာရီ ၃၉ မိနစ်အချိန် စစ်တပ်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ် ထိန်တောရွာ အနောက်ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲချခဲ့ရာ ဘုန်းကြီးကျောင်း အဆောက်အအုံပျက်စီးသွားကြောင်း၊ ကံကောင်းထောက်မစွာဖြင့် လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။ “ဗုံးတွေကျဲချတာ။ တ၀ုန်း၀ုန်းနဲပေါက်ကွဲတယ်။ ဘုန်းကြီးကျောင်းကတော့ ရစရာမရှိဘူးဖြစ်သွားတယ်။ လူတော့ မထိခိုက်ဘူး” ဟု ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများကို ကူညီပေးနေသော သတင်းရင်းမြစ်က ရှင်းပြသည်။ အလားတူ မကွေးတိုင်း၊ ပေါက်နှင့်မြိုင်မြို့နယ် အစပ် သရက်ကန်ကျေးရွာ စာသင်ကျောင်းအနီးသို့အကြမ်းဖက် စစ်တပ်က […] The post ကန့်ဘလူ၊ ပေါက်-မြိုင်မြို့နယ်အစပ်တို့တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ appeared first on Khit Thit Media .