ပဲနွယ်ကုန်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၀ သေဆုံးပြီး လက် နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ စစ်တပ်စစ်ကြောင်း ကစဉ့်ကလျား ထွက်ပြေး

ရန်ကုန်၊ ဇန်ဝါရီ ၁၂ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၀ သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ တော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ရန်ကုန် – မန္တလေးလမ်းဟောင်းအနီးရှိ ကြိမ်ခါးကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး အပါအဝင် ၂၀ ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ ကစဉ့်ကလျားဖြင့် စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ၊ စစ်တပ်၏ လက်နက်များ၊ ခဲယမ်းများနှင့် အခြားစစ်သုံးပစ္စည်း အများအပြားကိုလည်း […] The post ပဲနွယ်ကုန်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၀ သေဆုံးပြီး လက် နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ စစ်တပ်စစ်ကြောင်း ကစဉ့်ကလျား ထွက်ပြေး appeared first on Khit Thit Media .