ရန်ကုန်၊ ဇန်နဝါရီ ၁၂ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၇၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၃ ရက်နေ့တွင် ညောင်ဦးမြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ဝဲကျေးရွာကို စတင်ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ထိုမှ တဆင့် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဇီးစမြင်ကျေးရွာကို ထပ်မံ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို စတင်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း စစ်ကြောင်းသည် ဇန်နဝါရီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင်လည်း ကျောက်ပြင်ကန်ရွာ ၊ စကရွာ ၊ ကြအိုရွာ ၊ ကြအိုကျွန်းရွာ […] The post ညောင်ဦးနှင့် ကျွန်းစုမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်တပ်က ဆက်တိုက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၀ ကျော်ပြာကျ appeared first on Khit Thit Media .