ရန်ကုန်၊ ဇန်နဝါရီ ၁၂ မကွေးတိုင်း၊ ဂန့်ဂေါမြို့အဝင်ရှိ အကြမ်းဖက် စစ်တပ်၏ ဝီလ စစ်ဆေးဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဂါးညီနောင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဂန့်ဂေါမြို့အဝင်၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ဝီလ စစ်ဆေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး ၃၂ လုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရှိသူများပြားပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။ “လက်နက်ကြီး ၃၂လုံး ထုပြီး တံတားထိပ် ထိတက်လာတဲ့ စစ်ခွေး […] The post ဂန့်ဂေါ၊ ရေဦးနှင့် မင်းတုန်းမြို့နယ်တို့တွင် စစ်တပ် စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး appeared first on Khit Thit Media .